Wednesday, September 9, 2015

Daw Mi Kon Chan

Daw Mi Kon Chan

Ko Nay Bone Latt

Ko Nay Bone Latt

Daw Pyone Kathi Naing

Daw Pyone Kathi Naing

U Tin Tun Naing

U Tin Tun Naing

Dr Soe Than

Dr Soe Than

Daw Thiri Yadanar

Daw Thiri Yadanar

Daw Thet Htar Nwe Win

Daw Thet Htar Nwe Win

demos

ဒီမို တွေ .. ဒီမို တွေလို့ ပြောကြတယ်။ ရည်ရွယ် ပြောသူကတော့ ဘာကို ရည်ရွယ်သလဲ သူ့ဘာသာသူ သိနိုင်ပါလိမ့်မယ်။ ကိုယ်တိုင် အဓိပ္ပါယ်ဖွင့်မှ ရပါလိမ့်မယ်။

နားလည်မိသလောက်လည်း ဒီမိုကရေစီမှ ဒီမိုကရေစီ ဖြစ်နေတဲ့ လူကို ဒီမို လို့ ခေါ်တယ် ဆိုတာမျိုးလို့ နားလည်မိပါတယ်။

ကျွန်တော်တို့က စစ်သားတွေကို အချောင်သမား၊ အခွင့်အရေးသမား၊ စစ်ဗိုလ်ချုပ်တွေဆိုရင် သူခိုး ဆိုပြီး .. အလုပ်အကိုင်ပေါ် မူတည်ခေါ်ကြတာမျိုးနဲ့တော့ မတူဘူး။

ဒါပေမယ့် ဒီမို ဆိုတာက .. သူ့ရဲ့ မိခင်ဘာသာစကားအရ ... ဒီမို = ပြည်သူ ဆိုပြီး မြန်မာလို အဓိပ္ပါယ် ရနေတာမို့ ..

.. ဒါလည်း မှန်နေတာပဲလေ။ ဒီမိုတွေက ပြည်သူဆိုရင် .. ပြောနေတဲ့ လူတွေက ဘာတွေလဲ .. ဟင်။

ကိုထိုက်

 

choose your path 2

၁။.. တိုင်းပြည်ကို အီသီရိုးပီးယား နောက်ကို ရောက်သွားအောင် လုပ်ခဲ့ပြီး အဲဒီလို လုပ်ခဲ့တဲ့သူတွေ မီလျံနာ ဖြစ်အောင် ခိုးခဲ့တဲ့ သူခိုးပါတီ ကြံ့ဖွတ်ကို ရွေးမလား ..

၂။ .. အကုန်ကောင်းမယ် အာမ မခံနိုင်ဘူး။ တကယ်လို့ ဆိုးခဲ့ရင်တောင် ဖွတ်တွေလောက် ဆိုးစရာ မရှိဘူး။ တိုင်းပြည်အကျိုးအတွက် (အနိမ့်ဆုံးတော့) ဖွတ်ထက် သာအောင် စီမံနိုင်မယ့် NLD ကို ရွေးမလား ...

ခင်ဗျားမှာ ဒီ နှစ်လမ်းပဲ ရှိတယ်။ အခြားလမ်း မရှိဘူး။
တစ်ခုကို ရွေးရမယ်။ ကိုယ့်ဘာသာ ဆုံးဖြတ်။

ပထမလမ်းကို ရွေးမယ် ဆိုရင် NLD က လွဲရင် ကျန်ပါတီတွေကို မဲပေးပါ။
ဒုတိယ လမ်းကို ရွေးမယ် ဆိုရင် NLD ကို မဲပေးပါ။

ဒါပဲ။ တစ်ခုရွေး။

ကိုထိုက်

 

choose your path

မိမိပိုင်ဆိုင်မှုကို ပြည်သူလူထုနဲ့ ယုံကြည်ရတဲ့ စစ်ဆေးရေး အဖွဲ့တွေ စစ်ဆေးတာကို မခံနိုင်တဲ့ .. သူခိုးတွေ လက်ထဲ တိုင်းပြည်ကို အပ်မလား ..

.. အာဏာမရခင်နဲ့ အာဏာရပြီး ကြိုက်သလိုစစ်။ မတရားခိုးဝှက်တာ ရှိရင် .. အရေးယူနိုင်ပါတယ် ဆိုတဲ့ ... လူတွေကို ရွေးမလား။

ခင်ဗျားမှာ ဒီ နှစ်လမ်းပဲ ရှိတယ်။ အခြားလမ်း မရှိဘူး။
တစ်ခုကို ရွေးရမယ်။ ကိုယ့်ဘာသာ ဆုံးဖြတ်။

ပထမလမ်းကို ရွေးမယ် ဆိုရင် NLD က လွဲရင် ကျန်ပါတီတွေကို မဲပေးပါ။
ဒုတိယ လမ်းကို ရွေးမယ် ဆိုရင် NLD ကို မဲပေးပါ။

ဒါပဲ။ တစ်ခုရွေး။

ကိုထိုက်

 

change

.. လွှတ်ကြိုက်ဗျာ ... အခု FB မှာ နိုင်ငံရေး ပြောသမျှလူတွေထဲ ... အစိုးရ အပြောင်းအလဲ လုပ်ဖို့ ရည်ရွယ်သူတိုင်း .. NLD အနိုင်ရရေးပဲ ဦးတည်တယ်။

မဲဆွယ်ရာမှာလည်း အများစုက ...

- သူတပါးကို အပုပ်ချ မတိုက်ခိုက်ဘူး။
- ဘာသာရေးနဲ့ မဆွယ်ဘူး။
- ဘာသာရေး အမျိုးသားရေး လူမျိုးရေး ဆိုတဲ့ .. လက်ယာစွန်း ဝါဒီတွေကို လှည့်ပြီး အဖတ်တောင် မလုပ်ဘူး။
- ကိုယ့်လူကိုယ် မဲပေးဖို့သာ ဆွယ်တယ်။
- မတရားမှု၊ ဒုစရိုက်မှုတွေနဲ့ မဆွယ်ဘူး။
- မတော်လောဘတွေကို ဦးတည်ပြီး မြှူဆွယ်တာ မလုပ်ဘူး။

စတဲ့ အချက်တွေကို တွေ့ရတယ်။

အထက်ပါ အချက်တွေကို ဆက်လက် ထိန်းသိမ်းပြီး ... အပြစ်ကင်းသော ကောင်းတဲ့ မဲဆွယ်ခြင်းမျိုးကို ဆက်လက် မွေးမြူနိုင်ပါစေကြောင်း ... နဲ့ ...

အထူးသဖြင့် ... အထူးကို အထူး အဖြစ် ... ဘာသာရေး၊ လူမျိုးရေး အောက်လုံး သမားတွေကို ... ဥပဒေ ချိုးဖေါက်ရင် တိုက်ကြားတာမျိုးနဲ့သာ တုန့်ုပြန်ပြီး ... တော်ရုံ မလိုအပ်ရင် ... တုန့်ပြန်မနေဘဲ ..

... လှစ်လျှူရှု့ ဖို့အတွက်ကို အထူး တိုက်တွန်းရပါကြောင်း

အလေးအနက်ထား ... နှိုးဆော်ရပါတယ်။

ကိုထိုက်

 

campign

.. ရွေးကောက်ပဲ မဲဆွယ်ရင်ဖြင့် ...

၁။ Clientelistic (လာဘ်လာဘနဲ့ မြှူဆွယ်မှု)
၂။ Charismatic (သြဇာရှိသူ တစ်ယောက်နဲ့)
၃။ Programmatic (နိုင်ငံရေး မူဝါဒ အစီအစဉ်များနဲ့)

ဆိုပြီး မဲဆွယ်နည်း ၃ မျိုးရှိတယ်ဗျ။

အဲဒီထဲမှာ ဖွတ်တွေက ပထမနည်းကို အားကိုးတယ်။ သူတို့မှာ ကျန် ၂ ချက်မရှိဘူး။
NLD က ဒုတိယနည်းကို အဓိက အားကိုးတယ်။ ပထမနည်း လုပ်ဖို့ ငွေကြေး မတောင့်တင်းဘူး။ တတိယနည်းက ရှိနိုင်ပေမယ့် မသုံးတတ်သေးတာ ဖြစ်နိုင်တယ်။

တကယ်တမ်း ဒီမိုကရေစီ တည်ငြိမ်တဲ့ နိုင်ငံတွေမှာတော့ .. တတိယနည်းကို ဦးစားပေးကြပါတယ်။

တတိယ နည်းထဲ .အပေါင်းလက္ခာ မဲဆွယ်တာနဲ့ ၊ အနှုတ်သဘော မဲဆွယ်တာ ၂မျိုးလုံးရှိတယ်။. တိုင်းပြည်အတွက် ဘယ်လို ကောင်းအောင် လုပ်မယ် ဆိုတာနဲ့ ... . မျိုးညစ်တွေရဲ့ ဘာသာလူမျိုး မုန်းတီးရေး နည်းလည်းပါတာပေါ့။

မဲဆွယ်ကြပုံ ပုံစံလေးတွေကို စဉ်းစားနိုင်ဖို့ပါ။

ကိုထိုက်

 

calculations

ရွေးကောက်ပွဲ ပြီးသွားရင် ... စာရင်းတွေ ထွက်လာပြီ။ ဘယ်သူ ဘယ်လောက် နိုင်တယ် ပေါ့ဗျာ။ ဒီအခါ တွက်ရမယ့် ညီမျှခြင်းက ...

.. နိုင်လာတဲ့ ၁၀၀ % ဆိုတာကလည်း .. အစစ်အမှန် 100 % ( Y ) = ရလာတဲ့ ရလဒ် (Y*) + မဲလိမ်မဲခိုး (Z1)+ မဲစာရင်မှား (Z2) + နားမလည်သူများရဲ့ ပယ်မဲများ (Z3)

ဒါကြောင့် ရလာတဲ့ ရလဒ် Y* သည် ...... Y* = Y - (Z1 + Z2+ Z3) .. ဖြစ်ပါသည်။

အစိုးရ ဖွဲ့ဖို့အတွက် သမ္မတ ခန့်နိုင်ဖို့ အတွက် .....ရှိနေတဲ့ ...Y* ထဲက

...ကြားနေသူကိုယ်စားလှယ်များ + မိမိတို့ တိုင်းရင်းသားကိုသာ ထောက်ခံမည့် တိုင်းရင်းသား ကိုယ်စားလှယ်များရဲ့ မဲတွေကို... Y* ထဲက နှုတ်လိုက်ပါ။ .... ဒါကို x ဟု သတ်မှတ်ပါစေ။

အဲဒီ နှုတ်လို့ ရတဲ့ (x) ထဲကမှ .... ဖွတ်တွေ အနိုင် (a) + ၂၅ % + NLD မုန်းတီးသည့် ပါတီများ (b) + အမျိုးသားရေး ပါတီများ (c) + မဲခိုး မဲလိမ် (z4) တွေ စုစုပေါင်းကို (Z4 သည် လွှတ်တော်ထဲတွင်ရောက်ပြီးမှ ခိုးနိုင်မည့် မဲများ)

NLD + NLD ကို ထောက်ခံသည့် ပါတီများ (NLD*) .. ဆိုတာနဲ့ ယှဉ်ရမှာ။

X = (a + 25% + b + c + z4) + (NLD + NLD*)

အထက်က ညီမျှခြင်းမှာ

(a + 25% + b + c + z4) > (NLD + NLD*) ဆိုရင် ဖွတ်တွေ သမ္မတခန့် အစိုးရဖွဲ့လိမ့်မယ်။
(NLD + NLD*) > (a + 25% + b + c + z4) ဆိုရင် အရပ်သား အစိုးရ ဖြစ်မယ်။

NLD ကို မဲပေးဖို့ ဘာကြောင့် ပြောနေရပြီး အခြား ပါတီတွေကို မဲပေးတာဟာ ဘာကြောင့် ဖွတ်ပါတီကို ထောက်ခံနေတာနဲ့ တူနေသလဲ ဆိုတာကို သိချင်ရင် ...

..ကိုယ့်ဘာသာ တွက်ကြည့်ပေါ့။

ကိုထိုက်