Wednesday, September 9, 2015

demos

ဒီမို တွေ .. ဒီမို တွေလို့ ပြောကြတယ်။ ရည်ရွယ် ပြောသူကတော့ ဘာကို ရည်ရွယ်သလဲ သူ့ဘာသာသူ သိနိုင်ပါလိမ့်မယ်။ ကိုယ်တိုင် အဓိပ္ပါယ်ဖွင့်မှ ရပါလိမ့်မယ်။

နားလည်မိသလောက်လည်း ဒီမိုကရေစီမှ ဒီမိုကရေစီ ဖြစ်နေတဲ့ လူကို ဒီမို လို့ ခေါ်တယ် ဆိုတာမျိုးလို့ နားလည်မိပါတယ်။

ကျွန်တော်တို့က စစ်သားတွေကို အချောင်သမား၊ အခွင့်အရေးသမား၊ စစ်ဗိုလ်ချုပ်တွေဆိုရင် သူခိုး ဆိုပြီး .. အလုပ်အကိုင်ပေါ် မူတည်ခေါ်ကြတာမျိုးနဲ့တော့ မတူဘူး။

ဒါပေမယ့် ဒီမို ဆိုတာက .. သူ့ရဲ့ မိခင်ဘာသာစကားအရ ... ဒီမို = ပြည်သူ ဆိုပြီး မြန်မာလို အဓိပ္ပါယ် ရနေတာမို့ ..

.. ဒါလည်း မှန်နေတာပဲလေ။ ဒီမိုတွေက ပြည်သူဆိုရင် .. ပြောနေတဲ့ လူတွေက ဘာတွေလဲ .. ဟင်။

ကိုထိုက်

 

No comments:

Post a Comment